သာမန်လူတွေ သုံးစွဲနေကြတဲ့ ဒီဇိုင်းနှင့်ပတ်သက်သော အသုံးအနှုန်းအမှားများ
ဒီဇိုင်နာတွေအနေနဲ့ ဒီဇိုင်းပညာနယ်ပယ်မှာ သုံးစွဲကြတဲ့အသုံးအနှုန်းများရှိကြပါတယ်။ ထိုစကားတွေဟာ ဒီဇိုင်းနဲ့မရင်းနှီးတဲ့ သာမန်သူတွေအတွက်တော့ ထူးဆန်းနေပြီး မှားယွင်းစွာ ပြောဆိုသုံးစွဲနေကြပါတယ်။ ထိုစကားတွေက ဘာတွေလဲဆိုတာကို ရှာဖွေပေးထားပါတယ်နော်။
(၁) It’s not a font, it’s a typeface!
Typeface ကို Font လို့မှားယွင်းခေါ်ကြတာက အသုံးအမှားဆုံး အသုံးအနှုန်းဖြစ်ပါတယ်။
သင်ဟာ ဒီဇိုင်နာမဟုတ်တဲ့သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောကြတယ်ဆိုပါစို့။
သူဟာ လွန်ခဲ့တဲ့တစ်ပတ်က Font အသစ်တစ်ခုကိုသုံးပြီး ပရောဂျက်တစ်ခုလုပ်ခဲ့တယ် ပြောပါလိမ့်မယ်။
ဒါပေမဲ့ သူသုံးနှုန်းတာဟာ ဒီဇိုင်နာတစ်ယောက်အနေနဲ့တော့ မှားယွင်းပါတယ်။ ဒါကို Typeface လို့ ပြောဆိုရပါလိမ့်မယ်။Typeface ဆိုတာက Font အားလုံးစုဝေးထားတဲ့ အစုအဝေးတစ်ခုဖြစ်ပြီးတော့ Font ဆိုတာကတော့ ပုံမှန် Typeface ကို စောင်းတာ၊ထူတာ၊ဆိုက်ဒ်အသေးအကြီးလုပ်ပြီး Typeface ရဲ့အရွယ်အစားနဲ့စတိုင်လ်ကို ပြောင်းလဲတာမျိုးဖြစ်ပါတယ်။
ပြောရရင် Typeface ဆိုတာက သီချင်းခွေ Album ဖြစ်ပြီး Font ဆိုတာကတော့ အဲ့ထဲမှာပါဝင်နေတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်ဆိုတဲ့ သဘောလို့ ဆိုရပါမယ်။
(၂) It’s not a spacing, you should say kerning!
ဒီအကြောင်းကိုတော့ The World မှာရှင်းပြထားပြီးသားဖြစ်ပါတယ်နော်။ဥပမာအနေနဲ့ဆို -
သင်နဲ့မသိတဲ့ လူတစ်ယောက်က သင့်အနားမှာနီးကပ်စွာလာရပ်တဲ့အခါ သင့်အနေနဲ့ စနိုးစနောင့်ဖြစ်ပါလိမ့်မယ်
။ ဒါဆို သင်ဟာ သူ့ဘေးနားက ရှောင်ခွာဖို့ ကြိုးစားတော့မယ်ဆို သင့်ခြေထောက်တွေကို သူ့အနားကရွှေ့ပါတော့မယ်။ တစ်နေရာကိုရွှေ့လိုက်တာဟာ Spacing သီးသန့်ဖြစ်ပြီးတော့ ဘယ်နေရာထိရွှေ့လိုက်ရင် ငါ Comfort ဖြစ်မယ်လို့တွေးပြီးရွှေ့လိုက်တာမျိုးကတော့ Kerning ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ Kerning ဆိုတာက ရေးဆွဲထားတဲ့ Typography စာလုံးတစ်နေရာတည်းကို ထင်ရှားပြီး ပြတ်သားတဲ့ပုံစံမျိုးပေါ်အောင် အလျားလိုက်ခြားနားပေးလိုက်တဲ့ အကွာအဝေးဖြစ်ပါတယ်။
(၃) It’s not empty, it’s negative space.
တစ်ခါတစ်လေ ပုံနဲ့စာနဲ့တွဲနေတဲ့ လိုဂိုတွေမှာ နေရာလွတ်တွေချန်ထားတာတွေ့နိုင်ပါတယ်။ ထိုအရာကို Negative Space လို့ခေါ်ဆိုနိုင်ပါတယ်။ Negative Spaceဆိုတာ ပန်းချီဆွဲတဲ့ ကင်းဗတ်စနဲ့နှိုင်းယှဉ်ပြီးပြောရရင် သူဟာ သူ့အပေါ်မှာရေးဆွဲသမျှ စာလုံးတွေ ပန်းချီတွေကို ထင်ပေါ်စေဖို့ ရပ်တည်ပေးနေသလိုမျိုးပါပဲ။ Negative Space ဆိုတာ ရေးဆွဲထားသမျှ စာလုံးတွေ၊ပုံတွေကို အဓိပ္ပါယ်ရှိပြီး ပေါ်လွင်စေဖို့ တမင်ရေးဆွဲပေးထားရတဲ့ လျှို့ဝှက်အခန်းငယ်လေးတစ်ခုနဲ့တူပါတယ်။
ဥပမာဆို - FedEx မှာပါဝင်တဲ့ မြှားနေရာလိုပေါ့။
ဒီလောက်ဆို လူကြီးမင်းတို့လည်း ဒီဇိုင်နာတစ်ယောက်ယောက်နဲ့ တွေ့ဖြစ် ပြောဆိုဖြစ်တဲ့အခါ ဘယ်လိုစကားမျိုးကို ရွေးချယ်ပြောလို့ရလဲဆိုတာကို အနည်းငယ်သိလောက်ပြီထင်ပါတယ်။
တကယ်လို့ သိချင်တဲ့အကြောင်းအရာများ ရှိသေးရင်လည်းကောမန့်မှာမေးမြန်းနိုင်ပါတယ်နော်။
Juel Lynn
Comments
Post a Comment