“MasterCard နာမည်ကို Logoကနေ ဖြုတ်ချလိုက်တဲ့ Pentagram"

 

Pentagram ဟာ MasterCard ရဲ့Logoကနေ MasterCard နာမည်စာလုံးကိုဖြုတ်ချလိုက်ပါတယ်။ အဲဒါကြောင့် အခုLogo မှာ ထပ်နေတဲ့ အနီနဲ့အဝါ စက်၀ိုင်း၂ခုသာ ကျန်ခဲ့ပြီး သိမ်မွေ့တဲ့ Brand အမှတ်အသားတစ်ခုအနေနဲ့ မြင်တွေ့စေချင်လို့သာဖြစ်တယ်လို့ Pentagram ကပြောပြထားပါတယ်။

ယခင်Logo အဟောင်းကိုတော့ Pentagram Design Agency မှ 2016က ရေးဆွဲပေးထားတာဖြစ်ပြီး ယခုပြောင်းလဲလိုက်တဲ့ Logo အသစ်ကိုလည်း Pentagram က ထပ်မံပြင်ဆင်ပေးထားတာဖြစ်ပါတယ်။ ပြောင်းလဲလိုက်တဲ့အကြောင်းကိုတော့ ဇန်နဝါရီလက Las Vegas မှာပြုလုပ်ခဲ့တဲ့ Consumer Electronics Show မှာ ကြေငြာခဲ့တာပါ။

2016ခုနှစ်က Logo ပြောင်းလဲကြောင်း Pentagram မှ ဖော်ပြခဲ့ချိန်မှာတော့ နောက် အနှစ်၂၀ထိ အခုဒီဇိုင်းကိုပဲသုံးသွားပါမယ်လို့ပြောခဲ့ပေမဲ့ ၂ နှစ်အတွင်း ထပ်မံပြောင်းလဲခဲ့တာဖြစ်ပါတယ်။ ယခင်ပြောင်းလဲချိန်မှာတော့ ထပ်နေတဲ့စက်ဝိုင်း၂ခုကြားက အစင်းကြောင်းတွေနေရာကို လိမေ္မာ်ရောင်အစိုင်အခဲအဖြစ် လုံးဝပြောင်းလဲလိုက်ပြီး MasterCard စာလုံးကိုတော့ လိုဂိုရဲ့အလယ်မှာမထားတော့ပဲ အောက်နေရာမှာ ရေးဆွဲထားပေးခဲ့တာဖြစ်ပါတယ်

စာလုံးဘာမှမပါတော့တဲ့ Logo ကို Facebook မှာကြေငြာခဲ့ချိန်မှာတော့ ‘တကယ်တော့ နာမည်ကိုဖယ်ထုတ်လိုက်ရတာတော့ ကျွန်တော်တို့သဘောမကျပါဘူး။ ဒါပေမဲ့ ခြွင်းချက်အနေနဲ့လက်ခံခဲ့ပါတယ်' လို့ MasterCard မှ သူတို့ရဲ့page မှာပြောခဲ့ပါတယ်။

ဒီပြောင်းလဲမှုအပြီးမှာတော့ သုံးစွဲသူသုံးပုံတစ်ပုံခန့်က ‘အချင်းချင်းချိတ်ဆက်ထားတဲ့စက်ဝိုင်း၂ခုကို တွေ့ရုံနဲ့ MasterCard မှန်းသိနိုင်ပါတယ်၊ကောင်းမွန်တဲ့အပြောင်းအလဲပါပဲလို့’ တုံ့ပြန်ထားကြပါတယ်။

" ဒီဂျစ်တယ်လ်ခေတ်ထဲမှာ ဒီဇိုင်းပုံစံတီထွင်မှုတွေကို ရိုးရိုးရှင်းရှင်းဖန်တီးလာကြပါပြီ” လို့ MasterCard Chief Marketing and Communication Officer Raja Rajamannar ကပြောခဲ့ပါတယ်။

"ပြီးတော့ 80% သောသုံးစွဲသူတွေဟာ MasterCard ရဲ့ ပုံစံကိုတွေ့လိုက်ရုံနဲ့ နာမည်စာလုံးရေးထိုးထားစရာမလိုအောင် သိကြပါတယ်။ဒါကြောင့် ကျွန်တော်တို့ဟာ တွန့်ဆုတ်ခြင်းမရှိပဲ နောက်ထပ်ဒီဇိုင်းခြေလှမ်းသစ်ကို ကူးပြောင်းဖို့အဆင်သင့်ဖြစ်နေပါပြီ " လို့ ထပ်မံပြောကြားခဲ့ပါတယ်။

Pentagram မှလည်း တခြား Logo သီးသန့် brand တွေဖြစ်တဲ့ Apple, Target, Nike တို့လိုမျိုး အမှတ်အသားကိုကြည့်လိုက်ရုံနဲ့ Brand ကိုသိစေနိုင်တဲ့ Logo တွေနဲ့ နှိုင်းယှဉ်ပြီးဥပမာပြထားပါတယ်။

" ကျွန်တော်တို့ဟာ အမှတ်အသားနဲ့တံဆိပ်တွေနဲ့ အဆက်အသွယ်ပြုလုပ်နေကြတာဖြစ်ပြီးတော့ စကားလုံးတွေသုံးစရာမလိုတော့တဲ့ အချိန်(ခေတ်ကာလ) ထဲ နေထိုင်နေကြတာဖြစ်တယ်" လို့ Pentagram ရဲ့ လုပ်ဖော်ကိုင်ဖက် Micheal Beirut မှ လည်းပြောခဲ့ပါတယ်။

MasterCard ကုမ္ပဏီကတော့ အခုပြောင်းလဲမှုဟာ သူတို့ကုမ္ပဏီအတွက် ပိုကောင်းမွန်တဲ့တိုးတက်မှုတွေရလာဖို့ မျှော်လင့်ထားကြပါတယ်။ သုံးစွဲသူတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေဟာ တိုးပွားလာကြသလို သူတို့အတွက်လည်း လှပပြီးထင်ရှားတဲ့အမှတ်အသားအဖြစ် ပိုပြီးရပ်တည်ပေးနိုင်ပါလိမ့်မယ်လို့ သူတို့ရဲ့ကြေငြာချက်ထဲမှာ ဖော်ပြထားပါတယ်။

1966 ကတည်းကစတင်ခဲ့တဲ့ Mastercard ကုမ္ပဏီဟာ အနီနဲ့အဝါထပ်ထားတဲ့ စက်၀ိုင်းနှစ်ခုဒီဇိုင်းနဲ့လူသိများလာပြီးတော့ အခုတော့ Logo ဟာ သူ့ချည်းသက်သက် ထွန်းလင်းတောက်ပလာပါပြီ။ နာမည်ကြောင့် အဓိက မဟုတ်တော့ပဲ သူဟာ Apple လို Nike လို ထင်ရှားတဲ့အမှတ်အသားနဲ့ Brand တစ်ခုဖြစ်ဖို့ ခြေလှမ်းစလိုက်ပါပြီ။

ကောင်းမွန်တဲ့အပြောင်းအလဲဖြစ်ပါတယ်လို့ ကျွန်တော်ကတော့ထင်မြင်မိပါတယ်။

သင်တို့ရော…?

Juel Lynn












Comments

Popular posts from this blog

🔹🔹Everyone can be a Edison.🔹🔹