‘ ပညာရေးနှင့် ဆရာမများ၏အခန်းကဏ္ဍ ’
ကျွန်မတို့ငယ်ငယ်က ပညာရေးစနစ်ဟာ ကောင်းမွန်ပြည့်စုံတဲ့ စနစ်တစ်ခုမဟုတ်ခဲ့ပေမဲ့ ကောင်းမွန်တဲ့ဆရာမတွေနဲ့တော့ တွေ့ဆုံခဲ့ကြပါတယ်။ ‘ ပုခက်လွှဲတဲ့လက်တွေကသာ ကမ္ဘာကိုအုပ်စိုးနိုင်မယ် ’ ဆိုသလို ကျွန်မတို့ဟာ မိဘရင်ခွင်ကနေ ခွဲခွာချိန်မှာ စတင်ရှိခဲ့တဲ့နေရာဟာ အမေလိုဆရာမနဲ့ အိမ်နဲ့တူတဲ့ စာသင်ခန်းနဲ့ကြုံခဲ့ရတာမို့ ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ဘက်ကလည်း ဆရာမတွေရဲ့ဆုံးမမှုတိုင်းဟာ စေတနာကြောင့် မေတ္တာကြောင့်လို့ ခံယူဖို့လိုပါတယ်။ စိတ်အခန့်မသင့်လို့ဖြစ်စေ၊ မပြေလည်တာတစ်ခုခုကြောင့်ဖြစ်စေ ဆရာမတွေကပြောဆိုဆက်ဆံတဲ့အခါတိုင်း မကောင်းတဲ့စိတ်တစ်ခုမှ ပါဝင်တာမဟုတ်ကြောင်းလည်း မိဘတွေအနေနဲ့ သင်ပြပေးထားဖို့လိုမယ် ထင်ပါတယ်။ ဆရာ/မတိုင်းဟာ ကြီးမြတ်တဲ့စိတ်ထားနိုင်မှ ဒီအလုပ်ကိုလုပ်နိုင်တယ်လို့ ယုံကြည်ပါတယ်။ လွန်ခဲ့တဲ့ခေတ်က ပညာရေးစနစ်မှာ မိဘတွေရဲ့ပါဝင်မှုနှုန်းဟာ ကျောင်းကောင်စီကနေတစ်ဆင့်သွားရတာဖြစ်လို့ အခုလို တိုက်ရိုက်ပါဝင်လာကြတာ တော်တော်နည်းပါးခဲ့ပါတယ်။ ပါဝင်တဲ့အခါလည်း ကျောင်းသား မိဘ ဆရာ မျက်နှာချင်းဆိုင် ဖြေရှင်းကြတာမို့ တကယ့်ကို ယုံကြည်ရတဲ့ကာလများပါပဲ။ မိဘတွေကအစ ဆရာမကို ‘ သေသေရှင်ရှင် ဆရာမရဲ့သားသမီးလိုဆုံ
Comments
Post a Comment