Tips for Organizing Event with Zero Budget!

 Tips for Organizing Event with Zero Budget!



SME နဲ့ Start Up Company တွေအနေနဲ့ ငွေကုန်းကြေးကျများတဲ့ပွဲတွေကို စီစဉ်ရတာခက်ခဲပါတယ်။ပွဲတစ်ပွဲစီစဉ်တဲ့အခါမှာ ဘယ်လိုမျိုးCost effective "Zero Budget'' ပွဲတစ်ပွဲ ဖြစ်အောင်စီစဉ်မလဲဆိုတာကို အချက်လေးတွေနဲ့ အဆင့်ဆင့်ဖော်ပြပေးထားပါတယ်နော်.။


(၁) Idea and Concept စဉ်းစားပါ။

Idea ။ ။ဒါကတော့ ပြောပြစရာမလိုပါဘူးနော်။အိုင်ဒီယာစဉ်းစားမှ ကျန်တာဘာဆက်လုပ်ရမလဲ သိနိုင်မှာကို။

Concept ။ ။ Event ပွဲတစ်ခုရဲ့ Concept ကိုစဉ်းစားတဲ့နေရာမှာ design, collaboration and partnerships with companies, technology, location ကိုအဓိကထားစဉ်းစားဖို့လိုပါတယ်။


(၂) Audience သတ်မှတ်ခြင်း

Audience ဟာ ပွဲတစ်ပွဲရဲ့ အသက်လို့တောင်ပြောလို့ရပါတယ်။ရွေးချယ်မှုမှားတာနဲ့ အရာရာဟာအလကားဖြစ်သွားနိုင်ပါတယ်။


(၃) စနစ်ကျတဲ့ agenda တစ်ခု ရေးဆွဲပါ။

Agenda မရှိရင် သင့်အနေနဲ့ event ပွဲကိုစီမံတဲ့အခါ ရှုပ်ထွေး ဗြောင်းဆန်နေပါလိမ့်မယ်။


နံပါတ် ၃ ထိကတော့ ပုံမှန်အတိုင်းပါပဲနော်။ဟုတ်တယ်မလား။ဒါဆို ဆက်သွားလိုက်ရအောင်လား။

.

(၄) မှန်ကန်တဲ့နေရာ ရှာပါ။(ဒါကတော့ Zero Budget နဲ့ စတင်ရမဲ့နေရာဖြစ်သွားပါပြီ။)

ကဲ … ဘယ်လိုရှာမလဲ? လွယ်ပါတယ်။ အခကြေးငွေ ပေးစရာမလိုမဲ့နေရာရှာဖွေပါ။

သင့်အနေနဲ့ အလကားရနိုင်မဲ့နေရာရှာဖွေဖို့ခက်ရင် အသုံးပြုဖို့လွယ်ကူတဲ့ ခန်းမ၊ ဘုန်းကြီးကျောင်း အစရှိတဲ့နေရာမျိုးကို ရှာဖွေနိုင်ပါတယ်။


* တကယ်ဖြစ်နိုင်ပါတယ်နော်။ (သင့်မှာသာ အခန်းတစ်ခန်းရှိနေခဲ့ရင်တော့ အကောင်းဆုံးပါပဲ..။)


(၅) ဟောပြောသူတစ်ယောက်ကိုဖိတ်ကြားပါ။

ဒီဟာကတော့ နည်းနည်းခက်ခဲပါတယ်။ သင့်အရည်အချင်းနဲ့ သင့်ရဲ့လုပ်ဆောင်ပုံတွေအပေါ်မူတည်ပြီးမှ Guest Speaker ကို ဖိတ်ကြားနိုင်မဲ့ အခွင့်အရေးကရှိနေလို့ပါပဲ။


*အင်းပေါ့...သူတို့ကိုယ်တိုင်လဲ စိတ်ဝင်စားတယ်၊ အပြန်အလှန် အကျိုးရှိမယ် ၊ အများအတွက်လဲ အကျိုးရှိမယ်ဆိုရင် ဘယ်သူကငြင်းမလဲနော်။


(၆) Partners ရှာဖွေပါ။

Partners ရှာဖွေရတာ မခက်ခဲပါဘူး။သင့်အနေနဲ့ မိမိနဲ့လက်တွဲလိုတဲ့ Company တွေနဲ့ပူးပေါင်းလုပ်ဆောင်လိုက်ပါ။


(၇) Sponsors ရှာဖွေပါ။

သင့်အနေနဲ့ Sponsor ရှာဖွေတဲ့အခါမှာ ဘယ်လိုသူတွေက သင့် event ကိုစိတ်ဝင်စားတယ်။ပြီးတော့ သင့်ဘက်က သူတို့ကို ဘာပြန်ပေးနိုင်လဲဆိုတာ သေချာစဉ်းစားသင့်ပါတယ်။


Sponsor ပေးမဲ့ Company တွေကလည်း သူတို့ဘက်ကအကျိုးအမြတ်တစ်ခုခုရမယ်ဆို ပါဝင်ကြမှာပါပဲနော်.(ဥပမာ. နာမည်ရCompany တစ်ခုက Mobile Game Clan တွေကို Sponsor ပေးတာမျိုးပေါ့.)


(၈)Free marketing and media partners မှတစ်ဆင့်ကြေငြာပါ။

အလွယ်ဆုံးကြေငြာတာကတော့ Online ကနေ အသေးစိတ်ပြောပြတာမျိုးပေါ့။Page ဖြစ်စေ၊ Event တစ်ခုအနေနဲ့ဖြစ်စေ အသိပေးတာမျိုးပါ။


(၉ )Free Website ရယူပါ။

Wordpress တို့ Wix တို့ကနေ Website တစ်ခုရယူပြီး ကြေငြာခြင်းမျိုးကို ဆိုလိုချင်တာပါ။


(၁၀) ငွေကြေးကို သေချာတွက်ချက်ပါ။

Zero Budget နဲ့ပြုလုပ်ပေမဲ့ သင့်အနေနဲ့ ငွေကြေးကုန်ကျမှုကို တွက်ချက်ဖို့လိုပါတယ်။Promotional Periods တွေ Discounts တွေပေးမဲ့အချိန်ကိုလည်း သေချာသတ်မှတ်ထားပေးသင့်ပါတယ်။


(၁၁) Go Live ပြုလုပ်ပါ။

ဒါကတော့ အဆုံးသတ်ပါပဲ။ သင်စီစဉ်ထားတဲ့ပွဲကို Live လုပ်ပြီးမျှဝေလိုက်ပါ။

.

အပေါ်မှာဖော်ပြခဲ့တဲ့ အချက်တွေအတိုင်း Cost effective "Zero Budget" ပွဲတွေကို အောင်မြင်အောင် ဘယ်လိုမျိုး စီစဉ်မလဲဆိုတာကို Best Buddy Event Management မှမိတ်ဆွေတို့အား မျှဝေပေးလိုက်ပါတယ်။တစ်စုံတစ်ရာသိရှိသွားမယ်လို့ မျှော်လင့်ပါတယ်ရှင့်။🤗


Best Buddy Event Management

📞 +95 9 267 288 420/430

📧 enquiry@bestbizbuddy.com


#BestBuddyEventManagement

#TheBestBusinessBuddy

#FindYourBestBusinessBuddy

#EventManagementServiceinYangon

Comments

Popular posts from this blog

🔹🔹Everyone can be a Edison.🔹🔹

‘ ပညာရေးနှင့် ဆရာမများ၏အခန်းကဏ္ဍ ’

Importance of Marketing